နမော ဗုဒ္ဓါယ
လေးစားရပါသော သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်များနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဖြစ်တော်မူသော မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒ အရှင်သူမြတ် ကြွရောက်လာသည်ကို ကျွန်ုပ်တို့က ဝမ်းသာအားရ ကြိုဆိုပါသည်။ ဆရာတော်က ကြွရောက်ချီးမြှောက်၍ ရှေးဟောင်းပိဋကတ်ကျောက်စာ ဓမ္မစေတီတော်ကြီး တည်ဆောက်ရေး လုပ်ငန်းခွင်ကို ဆုမွန်ကောင်း ပေးတော်မူပါသည်။
လောကလူသားတို့၏ ကောင်းကျိုးချမ်းသာအတွက် မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အရေးပါပုံကို အသိအမှတ်ပြု၍ ဓမ္မစေတီစီမံကိန်းကို ဆရာတော်ကြီးက လွန်စွာကျေနပ် နှစ်သက်တော်မူပါသည်။ တည်ဆောက်ရေး စီမံကိန်း အောင်အောင်မြင်မြင် ပြီးစီးလိမ့်မည်ဟု ဆရာတော်ကြီးက ယုံကြည်စိတ်ချပါသည်။
ဓမ္မစေတီတည်ဆောက်ရေး စီမံကိန်းကြီးတည်ရှိရာသို့ ကရုဏာနှင့် ကြွရောက်ချီးမြှောက်တော်မူ၍ ဆုမွန်ကောင်းပေးတော်မူသည့်အတွက် ဆရာတော်အရှင်သူမြတ်ကို ကျွန်ုပ်တို့က အလေးအမြတ် ရှိခိုးဦးခိုက်ကန်တော့အပ်ပါသည်။
ဆရာတော်အရှင်သူမြတ်အား ရတနာမြတ်သုံးပါးက စောင့်ရှောက်ကူညီပါစေ၊ ကျန်းမာပကတိ ချမ်းသာစွာ ရှိပါစေ၊ လောကသားများကို နိဗ္ဗာန်လမ်းသို့ ချမ်းချမ်းသာသာ ပို့ဆောင်နိုင်ပါစေဘုရား။
နမော ဗုဒ္ဓါယ
#chuahuongdao #chuahuongdaotemple #sbsstupas
#buddha #buddhism
မူရင်း Dhammacetiya