လုပ်ဆောင်ချက်များ

အကြံပေးဘုတ်အဖွဲ့

ဗီယက်နမ်

မြန်မာ

ထိုင်း

သီရိလင်္ကာ

ကမ္ဘောဒီးယား

လာအို

စီမံကိန်း၏

ရည်မှန်းချက်

အရေအတွက်များ

လှူဒါန်းမှူတိုင်းသည် ရည်မှန်းချက်များကို

အကောင်အထည်ဖော်ရန် အုတ်တစ်ချပ် သဲတစ်ပွင့်စီ

ဖြစ်သည်။

ဤစီမံကိန်းတွင် ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ကို ကိုယ်စားပြုသော စေတီပေါင်း ၈၄၀ ပါဝင်ပါသည်။

mid-size stupa
a corner of stupas
the path between stupa
mid-size stupa
a corner of stupas
the path between stupa

3

မဟာစေတီတော်ကြီးများ

8

စေတီတော်အလတ်များ

800

စေတီတော်အငယ်များ

0

ဧကများ

1000

ကျောက်ပြားများ

8

ဘာသာစကားများ

9900

ဗုဒ္ဓဆင်းတုတော်များ

10000

ဓမ္မက္ခန္ဓာ

အနာဂတ်မျိုးဆက်သစ်

များအတွက်

အမွေအနှစ်တစ်ခုကို

ဖန်တီးခြင်း

ထောက်ပံ့ကူညီပံ့ပိုးခြင်း
မဟာစေတီတော်ကြီး
နှစ်ထပ်ဆောင်ပါရှိသော မဟာစေတီတော်ကြီးသည်

အလျားပေ ၉၀ × အနံပေ ၉၀ × အမြင့်ပေ ၁၃၀ ပမာဏ ရှိပါသည်။

 

ပထမထပ် - နေ့စဉ် လုပ်ငန်းဆောင်တာများ၊ စာသင်ကြားခြင်း၊ လေ့လာခြင်း၊ တရားထိုင်ခြင်း၊ ပိဋကတ်သုံးပုံ ပါဠိတော်များ ရွတ်ဖတ်ပူဇော်ခြင်း။

 

ဒုတိယထပ် - ဂေါတမမြတ်စွာဘုရားနှင့် သာဝကသံဃာမထေမြတ်တို့၏ ဓာတ်တော်မွေတော်များကို ထိန်းသိမ်းထားရှိပူဇော်ထားခြင်း။

ခန့်မှန်းကုန်ကျစရိတ် ~ ဒေါ်လာ ၃၀,၀၀၀,၀၀၀

ဗောဓိစေတီတော်ကြီး

ဗောဓိစေတီတော်ကြီးသည် 

အလျားပေ ၇၀ × အနံပေ ၇၀ × အမြင့်ပေ ၉၀ ပမာဏရှိပါသည်။

 

သီရိဓမ္မာသောကမင်းကြီး၏ သားတော်နှင့်သမီးတော်များဖြစ်ကြသော အရှင်မဟိန္ဒနှင့် သံဃမိတ္တာ ထေရီ ရဟန္တာအရှင်မြတ်တို့မှ ဂေါတမမြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ရရှိရာ အိန္ဒိယနိုင်ငံမှ သီရိလင်္ကာသို့ ဆောင်ယူခဲ့သော မဟာဗောဓိပင်မှ ဆင်းသက်လာသော ဗောဓိပင်တစ်ပင်အတွက် စိုက်ပျိုးမည့်နေရာဖြစ်ပါသည်။ ထိုမဟာဗောဓိပင်သည် သီရိလင်္ကာနိုင်ငံတွင် နှစ်ပေါင်း ၂၃၁၀ ရှိပြီဖြစ်ပါသည်။
ခန့်မှန်းကုန်ကျစရိတ် ~ ဒေါ်လာ ၁၅,၀၀၀,၀၀၀
တိပိဋကစေတီတော်ကြီး

တိပိဋကစေတီတော်ကြီးသည်

အလျားပေ ၇၀ × အနံပေ ၇၀ × အမြင့် ပေ ၉၀ ပမာဏရှိပါသည်။

 

ဗုဒ္ဓစာပေကျမ်းစာများကို သီရိလင်္ကာ၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ် စသော ဘာသာစကား (၆) မျိုးတို့ဖြင့် ကြေးပြားနှင့် စတီးဝါပြားတို့ပေါ်တွင် ရေးထိုး၍ ထိန်းသိမ်းထားရှိမည့်နေရာ ဖြစ်ပါသည်။

ခန့်မှန်းကုန်ကျစရိတ် ~ ဒေါ်လာ ၁၅,၀၀၀,၀၀၀