ဓမ္မစေတီတော်
ဤဓမ္မဒေသနာများအားလုံးကို ရိုမန်ပါဠိအက္ခရာ၊ အင်္ဂလိပ်အက္ခရာတို့ဖြင့် ကျောက်ပြားပေါင်း သုံးထောင်ကျော်ပေါ်တွင် ထွင်းထုစာတင်ခြင်းအပြင် ကြေးသတ္ထုပြားများတွင်လည်း သီရိလင်္ကာ၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ် ဘာသာစကားခြောက်မျိုးတို့ဖြင့် ရေးထိုးပူဇော်ထားရှိမည် ဖြစ်သည်။
ဤစေတီတော်တို့တွင် ပိဋကတ်သုံးပုံတွင်လာရှိသော ဂေါတမမြတ်စွာဘုရားရှင်နှင့် သာဝကသံဃာမထေရ်မြတ်တို့၏ ဓမ္မဒေသနာများအားလုံးတို့ကို ထိန်းသိမ်းပူဇော်ထားရှိမည် ဖြစ်သည်။
သုတ္တန်ပိဋကတ်၌ မြတ်ဗုဒ္ဓနှင့် သာဝကမထေရ်မြတ်တို့၏ အချိန်အခါမျိုးစုံတွင် စရိုက်လက္ခဏာ ကွဲပြားခြားနားကြသည့် ပုဂ္ဂိုလ်အမျိုးမျိုးတို့အား ဟောကြားခဲ့သည့် ဓမ္မဒေသနာတော်အားလုံး ပါဝင်သည်။ မြတ်ဗုဒ္ဓတရားတော်များ၏ အနက်အဓိပ္ပာယ်များကို သုတ္တန်ဒေသနာတော်များမှ တစ်ဆင့် ရှင်းလင်းစွာ ဖော်ပြနိုင်သည်။ မှန်ကန်စွာ နားလည်နိုင်သည်။ အနက်အဓိပ္ပာယ်အကောက်အယူ လွဲမှားမှုများမှလည်း အပြည့်အဝ ကာကွယ်နိုင်သည်။
သုတ္တန်ပိဋကတ်တွင် နိကာယဟု ခေါ်တွင်သော သီးခြားစုစည်းမှုငါးပိုင်း ပါဝင်သည်။
– ဒီဃနိကာယ (ရှည်လျားသည့် သုတ္တဒေသနာများ စုစည်းမှု)
– မဇ္ဈိမနိကာယ (အလယ်အလတ် သုတ္တဒေသနာများ စုစည်းမှု)
– သံယုတ္တနိကာယ (အချင်းချင်း ဆက်စပ်မှုရှိသော သုတ္တဒေသနာများ စုစည်းမှု)
– အင်္ဂုတ္တရနိကာယ (အင်္ဂါအရေအတွက်အလိုက် သုတ္တဒေသနာများ စုစည်းမှု)
– ခုဒ္ဒကနိကာယ (သေးငယ်သော သုတ္တဒေသနာများ စုစည်းမှု)
ဝိနည်းပိဋကတ်တွင် ရဟန်းများ (ဘိက္ခု) နှင့် သီလရှင်များ (ဘိက္ခုနီ) အတွက် ပါတိမောက္ခသံဝရသီလ (စောင့်စည်းခြင်းသီလ)၊ သံဃာ့ဘောင်သို့ ဝင်ရောက်ခွင့်ပြုရန် သတ်မှတ်ချက်များ၊ သီလဆောင်ယူခြင်း၊ ရဟန်းတို့၏လုပ်ငန်းဆောင်တာများ၊ အာပတ်လွန်ကျူးခြင်းနှင့် စပ်လျင်း၍ ဖြေရှင်းပြေငြိမ်းစေမှုများ ပါဝင်သည်။
ဝိနည်းပိဋကတ်တွင် ကျမ်းငါးကျမ်းပါဝင်ပါသည်။
– ပါရာဇိက (အကြီးစားကျူးလွန်မှု/သံဃာ့ဘောင်မှ ထုတ်ပယ်ခြင်းဆိုင်ရာ စည်းမျဥ်းများ)
– ပါစိတ် (အငယ်စားကျူးလွန်မှု/အပြစ်ကို ဝန်ခံခြင်းဆိုင်ရာ စည်းမျဥ်းများ)
– မဟာဝါ (ရှေ့ပိုင်း ခန္ဓက အခန်းကြီး ၁၀ ခန်း)
– စူဠဝါ (ခန္ဓကငယ် အခန်းသေး ၁၂ ခန်း)
– ပရိဝါ (အမေးအဖြေပုံစံဖြင့် စုဖွဲ့ထားသော အနှစ်ချုပ်အချက်များ)
လွန်ကဲထူးမြတ်သောတရားဟု အဓိပ္ပာယ်ရသော အဘိဓမ္မာသည် ဗုဒ္ဓအဆုံးအမများ၏ အနှစ်သာရကို ကိုယ်စားပြုသည်။ အဘိဓမ္မာပိဋကတ်သည် ခန္ဓာ၊ အာယသန၊ ဓာတ်၊ သစ္စာ၊ ဣန္ဒြိယ အစရှိသော အန္တိမသစ္စာတရားနှင့် ပတ်သက်သည့် တရားအားလုံးကို ဖော်ပြပါသည်။ ကျွန်ုပ်တို့၏ အတွေ့အကြုံများ၊ နားမလည်သည့် အရာများ၊ သတိမမူမိသည့် အရာများ စသည်အားဖြင့် ကျွန်ုပ်တို့၏ နေ့စဥ်ဘဝတွင် အဘိဓမ္မာက ရှင်းလင်းပေးနိုင်သည့် အရာများစွာ ရှိပါသည်။
အဘိဓမ္မာပိဋကတ်တွင် ကျမ်းခုနှစ်ကျမ်းပါရှိသည်။
– ဓမ္မသင်္ဂဏီကျမ်း (သဘာဝဓမ္မတို့၏ လက္ခဏာကို ပြည့်စုံစွာ ရေတွက်ပြသောကျမ်း)
– ဝိဘင်းကျမ်း (ဓမ္မတို့၏သဘောအဓိပ္ပါယ်ကို ခွဲခြမ်းစိတ်ဖြာသောကျမ်း)
– ဓာတုကထာကျမ်း (ဓာတ်သဘာဝတို့ကို ဆွေးနွေးထားသောကျမ်း)
– ပုဂ္ဂလပညတ္တိကျမ်း (ပုဂ္ဂိုလ်အသီးသီးတို့၏ အမျိုးအစား အရေအတွက်တို့ကို ဖော်ပြသောကျမ်း)
– ကထာဝတ္ထုကျမ်း (အချေအတင် အမေးအဖြေပြုသောကျမ်း)
– ယမိုက်ကျမ်း (အစုံပြု၍ ပြသောကျမ်း)
– ပဋ္ဌာန်းကျမ်း (အကြောင်းအကျိုးဆက်နွယ်မှုများကို ပြသောကျမ်း)
စေတီအမျိုးအစားများ
ဗုဒ္ဓဘာသာ ဗိသုကာပညာဖြင့် ကွန့်မြူးဖန်တီးထားသော စေတီတော်များသည် တစ်ဆယ့်လေးဧကကျယ်ဝန်းသော ပရိဝုဏ်၏ အလယ်ဗဟိုတွင် တည်ရှိသည်။
မဟာစေတီတော်ကြီး


အလျားပေ ၉၀ × အနံပေ ၉၀ × အမြင့်ပေ ၁၃၀
နှစ်ထပ်ဆောင်ပါရှိပါသည်။
ဗောဓိစေတီတော်ကြီး


အလျားပေ ၇၀ × အနံပေ ၇၀ × အမြင့်ပေ ၉၀
သီရိလင်္ကာနိုင်ငံရှိ မဟာဗောဓိပင်မှကိုင်းခွဲဖြစ်သော ဗောဓိပင်တစ်ပင်ကို ဌာပနာရန်နေရာ
တိပိဋကစေတီတော်ကြီး


အလျားပေ ၇၀ × အနံပေ ၇၀ × အမြင့် ပေ ၉၀
ဗုဒ္ဓဘာသာကျမ်းစာအပြည့်အစုံကို ခြောက်မျိုးသောဘာသာစကားဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရှောက်ထားမည့် နေရာ
တရားထိုင်နည်းစေတီတော် ၈ဆူ


စေတီတစ်ဆူသည် တံခါး ၄ ပေါက်နှင့်တကွ အလျားပေ ၁၆ × အနံပေ ၁၆ × အမြင့်ပေ (၃၀) ပမာဏရှိပါသည်။
သမထနှင့်ဝိပဿနာဘာဝနာ ပွားများအားထုတ်နည်းများကို ထိန်းသိမ်းသောအားဖြင့် ကျောက်ထက် အက္ခရာတင်ရေးထိုးပါမည်။
စေတီတော်ငယ် ၈၂၉ ဆူ


စေတီငယ်တစ်ဆူသည် တံခါး ၄ ပေါက်နှင့်တကွ အလျားပေ ၁၀ × အနံပေ ၁၀ × အမြင့်ပေ ၂၀ ပမာဏရှိပါသည်။
ပိဋကတ်သုံးပုံဖြစ်သော သုတ္တန်၊ ဝိနည်းနှင့် အဘိဓမ္မာတရားတော်တို့ကို ကျောက်ပြားပေါင်း ၃၀၀၀-ကျော်တို့တွင် အက္ခရာတင် ရေးထိုးပြီး စေတီတစ်ဆူစီ၏ အလယ်တွင် ပူဇော်ထားရှိပါမည်။
ဗုဒ္ဓဆင်းတုတော် တစ်သောင်း (၁၀,၀၀၀)


ဆင်းတုတစ်ဆူလျှင် တစ်ပေအမြင့်ရှိသည်။
စကျင်ကျောက်ဖြင့် ထုလုပ်ထားပြီး စေတီတော်ကြီးသုံးဆူတို့တွင် ကိန်းဝပ်ပူဇော်မည် ဖြစ်သည်။
ကြေးပြားနှင့် ရွှေရောင်စတီးပြားပေါ်တွင် ရေးထိုးထားသော တရားစာမျက်နှာများ


အလျား ၂ ပေ × အနံ ၃ ပေ ပမာဏရှိသော တရားစာမျက်နှာ တစ်ချပ်
မျက်နှာပြင်နှစ်ဖက်လုံးပေါ််တွင် သီရိလင်္ကာ၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်စသော ဘာသာစကား (၆) မျိုးတို့ဖြင့် ရေးထိုးထားသည်။
Cổng Tam Quan


Đại Thắng Tích có 4 cổng ra vào
Cổng Chính hướng nam,Cổng Phụ phía sau, Cổng Phụ bên phải,Cổng Phụ bên trái
BÃI ĐẬU XE


bãi Đậu Xe
Toàn bộ bãi đậu xe của Chùa theo quy định của Thành Phố để cung cấp chỗ đậu xe cho Chùa và Đại Thắng Tích
QUY HOẠCH & THIẾT KẾ
Toàn bộ Đại Thắng Tích sẽ được xây dựng trên 14 acres đất dựa trên những kiến trúc Phật Giáo cổ xưa. Vì vậy, sự hỗ trợ cần thiết về Trí lực (sự hiểu biết) của Chư Tăng Ni chuyên về Pháp Học, Pháp Hành và sự hùn phước trợ duyên của tất cả quý Phật Tử để biến thiết kế thành hiện thực.
Thông tin sơ lược
Công trình gồm 840 tháp lớn nhỏ được xây dựng bằng các vật liệu lâu bền như đá hoa cương.

“Đây là một dịp may khó gặp và hiếm có. Chúng ta hãy chung tay hỗ trợ xây dựng một Kỳ Quan Phật Giáo Thế Giới – Bảo Tháp Tàng Kinh Thánh Điển – ngay trên đất nước Hoa Kỳ, nhằm mang lại lợi ích cho chúng sinh.”
MOST VENERABLES FROM THAILAND
Somdej Phramahathirachan